လက်ထပ်ထိမ်းမြားခြင်း/ဆိုင်ရာ ညွှန်ကြားချက်များ
7
ယခု/တွင် သင်တို့/ရေးပို့သော/စာ/၌ မေးထားသည့်/မေးခွန်း/နှင့် ပတ်သက်၍ ဖြေရ/ပါက ယောက်ျား/သည် မိန်းမ/နှင့် မထိတွေ့/လျှင် ကောင်း၏။ 2 သို့သော် တရား/နှင့်/မညီသော မေထုန်/ကို/ပြုခြင်းတို့/ကြောင့် အမျိုးသား/တိုင်း/၌ ဇနီး/ရှိ/သင့်ပြီး အမျိုးသမီး/တိုင်း/၌လည်း ခင်ပွန်း ရှိ/သင့်၏။3 ခင်ပွန်း/ဖြစ်သူ/သည် ဇနီး/အပေါ် ခင်ပွန်းဝတ်/ကို ကျေပွန်/ရမည်/ဖြစ်ပြီး ဇနီး/ဖြစ်သူ/သည်လည်း ခင်ပွန်း/အပေါ် ဇနီးဝတ်/ကို ကျေပွန်/ရမည်။ 4 ဇနီး/သည် မိမိ/ကိုယ်ခန္ဓာ/ကို မပိုင်။ ခင်ပွန်း/ကသာ ပိုင်၏။ ထို့အတူ ခင်ပွန်း/သည် မိမိ/ကိုယ်ခန္ဓာ/ကို မပိုင်။ ဇနီး/ကသာ ပိုင်၏။
5 လင်မယား/ဝတ်/ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်/တွင် အပြည့်အဝ/ဆုတောင်း/နိုင်ရန် နှစ်ဦး/သဘောတူညီချက်/ဖြင့် သတ်မှတ်ထားသော အချိန်/အတိုင်းအတာ/အတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယား/ဝတ်/ကို ရှောင်/လျှင် စာတန်/သည် သင်တို့/၏ မထိန်းချုပ်နိုင်ခြင်း/အပေါ် အခွင့်ကောင်း/ယူ/၍ သင်တို့/ကို သွေးဆောင်မည်/ကို စိုးရ/သောကြောင့် အချိန်စေ့/လျှင် လင်မယား/ဝတ်/ကို ပြန်/၍ ပြုကြလော့။ 6 ဤသို့ ကျွန်ုပ်/ပြောဆိုသည်/မှာ အမိန့်ပေးခြင်း/မဟုတ်ဘဲ အခွင့်ပေးခြင်း/သာ/ဖြစ်၏။ 7 ကျွန်ုပ်/သည် လူတိုင်း/ကို ကျွန်ုပ်/ကဲ့သို့ အိမ်ထောင်/မပြုဘဲ နေ/စေလို၏။ သို့သော်လည်း လူတိုင်း/တွင် ဘုရားသခင်/ထံမှ ရရှိသော အထူး/ဆုကျေးဇူး/တစ်မျိုး/စီ/ရှိ၏။
8 ထို့ကြောင့် အိမ်ထောင်/မရှိသောသူများ/နှင့် မုဆိုးမများ/ကို ကျွန်ုပ်/ပြောလိုသည်/မှာ ထို/သူတို့/သည် ကျွန်ုပ်/ကဲ့သို့ အိမ်ထောင်/မပြုဘဲ နေ/လျှင် ပို၍/ကောင်း/လိမ့်မည်။ 9 သို့သော် သူတို့/သည် မိမိ/ကိုယ်ကိုယ် မထိန်းချုပ်/နိုင်လျှင် အိမ်ထောင်ပြု/သင့်၏။ တဏှာမီး/တောက်လောင်နေခြင်း/ထက် အိမ်ထောင်ပြုလိုက်ခြင်း/က ပို၍ ကောင်း၏။
10 အိမ်ထောင်ရှိသော/သူများ/အတွက် ကျွန်ုပ်/ထံမှ မဟုတ်ဘဲ သခင်ဘုရား/ထံမှ လာသော ပညတ်ချက်/ရှိ၏။ ဇနီး/သည် မိမိ/ခင်ပွန်း/နှင့် ခွဲမနေရ။ 11 ခင်ပွန်း/နှင့် ခွဲနေ/လျှင် သူ/သည် နောက်/အိမ်ထောင်/မပြုဘဲ/နေရမည်။ ထိုသို့/မဟုတ်/လျှင် ခင်ပွန်း/နှင့် ပြန်လည်/ပေါင်းသင်းရမည်။ ခင်ပွန်း/သည်လည်း မိမိ/ဇနီး/ကို မကွာရှင်းရ။
12 သခင်ဘုရား/ထံမှ လာသော ပညတ်/မဟုတ်/သော်လည်း အခြားသော/သူတို့/အား ကျွန်ုပ်/ပြောလို၏။ ယုံကြည်သောa/အမျိုးသား/တစ်ဦး/တွင် မယုံကြည်သော/ဇနီး ရှိ/ပြီး ထို/ဇနီး/သည် သူ/နှင့်အတူ ဆက်/၍ ပေါင်းသင်းနေထိုင်/လို/ပါက သူ/သည် ထို/ဇနီး/ကို မကွာရှင်းရ။ 13 ထို/နည်းတူ ယုံကြည်သော/အမျိုးသမီး/တစ်ဦး/တွင် မယုံကြည်သော/ခင်ပွန်း ရှိ/ပြီး ထို/ခင်ပွန်း/သည် သူ/နှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်/လို/ပါက သူ/သည် ထို/ခင်ပွန်း/ကို မကွာရှင်းရ။ 14 အဘယ်ကြောင့်ဆိုသော် မယုံကြည်သော/ခင်ပွန်း/သည် မိမိ/ဇနီး/အားဖြင့် သန့်ရှင်းစင်ကြယ်/ပြီး မယုံကြည်သော/ဇနီး/သည်လည်း မိမိ/ခင်ပွန်း/အားဖြင့် သန့်ရှင်းစင်ကြယ်/သောကြောင့်/ဖြစ်၏။ သို့မဟုတ်/ပါက သင်တို့/၏ သားသမီးများ/သည် သန့်ရှင်း/စင်ကြယ်မည်/မဟုတ်။ ယခု/တွင်မူ သန့်ရှင်းစင်ကြယ်ပြီ/ဖြစ်၏။ 15 သို့သော် မယုံကြည်သော/ခင်ပွန်း၊ သို့မဟုတ် ဇနီး/က ကွာရှင်း/လို/လျှင် ကွာရှင်းပါစေ။ ထို/အခြေအနေ/မျိုး/တွင် ယုံကြည်သော/ခင်ပွန်း/ဖြစ်စေ၊ ဇနီး/ဖြစ်စေ ထို/သူ/နှင့် မသက်ဆိုင်တော့ပေ။b ဘုရားသခင်/သည် သင်တို့/အား ငြိမ်းချမ်း/စွာ နေထိုင်/ရန် ရွေးကောက်တော်မူ၏။ 16 အသင် အမျိုးသမီး… သင်/၏ ခင်ပွန်း/သည် သင့်/အားဖြင့် ကယ်တင်/ခံရမည် မခံရမည်/ကို သင်/မည်သို့/သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်/၏ ဇနီး/သည် သင့်/အားဖြင့် ကယ်တင်/ခံရမည် မခံရမည်/ကို သင်/မည်သို့/သိနိုင်မည်နည်း။
17 သင်တို့/တစ်ဦးစီ/သည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေ/တွင်/မဆို ဆက်လက်/ပြုမူနေထိုင်/၍ သင်တို့/ကို စတင်/ရွေးကောက်တော်မူသည့်/အချိန်/က ကဲ့သို့ပင် ဆက်လက်/ရှိနေ/သင့်၏။ ဤသည်/မှာ အသင်းတော်/အားလုံး/ကို ကျွန်ုပ်/ညွှန်ကြားသော/အချက်/ဖြစ်၏။ 18 ဥပမာ/ဆိုသော် ဘုရားသခင်/သည် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူပြီးသောသူ/ကို ရွေးကောက်တော်မူ/သောအခါ ထို/သူ/သည် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ဖျောက်ဖျက်/ရန် မလိုပေ။ ထို/နည်းတူ အရေပြားလှီးခြင်း/မင်္ဂလာ/ကို မခံယူသောသူ/ကို ရွေးကောက်တော်မူ/သောအခါ ထို/သူ/သည် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူ/ရန် မလိုပေ။ 19 အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူသည်/ဖြစ်စေ မခံယူဘဲ/နေသည်/ဖြစ်စေ ထို/အရာ/သည် အဓိက/မကျ။ ဘုရားသခင်/၏ ပညတ်တော်/ကို လိုက်နာဆောင်ရွက်ခြင်း/သည်သာ အဓိက/ကျ၏။
20 လူ/တစ်ဦးစီ/တိုင်း/သည် ဘုရားသခင် ရွေးကောက်တော်မူ/စဉ်က ရှိသည့်/အခြေအနေ/မျိုး/၌ ဆက်/၍ ရှိနေ/သင့်၏။ 21 ဘုရားသခင် ရွေးကောက်တော်မူ/စဉ်က သင်/သည် ကျွန်/ဖြစ်/နေပါက/လည်း မပူပန်နှင့်။ သို့သော် ကျွန်/အဖြစ်/မှ လွတ်ခွင့်/ရ/လျှင် ထို/အခွင့်အရေး/ကို ရယူလော့။ 22 ကျွန်/ဖြစ်/စဉ်က ဘုရားသခင် ရွေးကောက်တော်မူ/လျှင် ယခု/သင်/သည် သခင်ဘုရား/၏ လွတ်လပ်သူ/ဖြစ်၏။ လွတ်လပ်/စဉ်က ဘုရားသခင် ရွေးကောက်တော်မူ/လျှင် ယခု သင်/သည် ခရစ်တော်/၏ ကျွန်/ဖြစ်၏။ 23 ဘုရားသခင်/သည် သင်တို့/ကို အဖိုးအခ/ပေး/၍ ရွေးနုတ်/ဝယ်ယူထားတော်မူသည်/ဖြစ်/သောကြောင့် လူတို့/ထံ ကျွန်/မခံကြနှင့်။ 24 ချစ်သော ညီအစ်ကို/မောင်နှမတို့… သင်တို့/သည် ဘုရားသခင် ရွေးကောက်တော်မူ/စဉ်က ရှိသည့်/အခြေအနေ/မျိုး/၌ ဘုရားသခင်/နှင့်အတူ ဆက်၍ ရှိနေ/သင့်၏။
25 အိမ်ထောင်/မပြုသေးသူများ/နှင့်/ပတ်သက်၍ သခင်ဘုရား/ထံမှ လာသော/ပညတ်/ကို ကျွန်ုပ်/မရ/သော်လည်း သခင်ဘုရား/၏ ကျေးဇူးတော်/ကို ခံစားရသည့် ယုံကြည်ထိုက်သူ/တစ်ဦး/အနေဖြင့် ကျွန်ုပ်/၏ ထင်မြင်ချက်/ကို ပေးပါမည်။ 26 လက်ရှိ အကျပ်အတည်း/ကြောင့် ဤ/အတိုင်း နေ/လျှင် အကောင်းဆုံး/ဖြစ်မည်/ဟု ကျွန်ုပ်/ယူဆပါ၏။ 27 သင်/၌ ဇနီး/ရှိ/ပါက ကွာရှင်း/ရန် မကြံစည်နှင့်။ ဇနီး/မရှိ/ပါက အိမ်ထောင်ပြု/ရန် မကြံစည်နှင့်။ 28 သို့သော် အိမ်ထောင်ပြု/လျှင်လည်း ၎င်း/သည် အပြစ်/မဟုတ်ပါ။ အပျိုစင်/တစ်ယောက်/အိမ်ထောင်ပြု/လျှင်လည်း အပြစ်/မဟုတ်ပါ။ သို့ရာတွင် ဤ/ကာလ/၌ အိမ်ထောင်ပြုသူတို့/သည် ဆင်းရဲဒုက္ခ/နှင့် ကြုံရမည်/ဖြစ်/၍ ကျွန်ုပ်/သည် သင်တို့/ကို ထို/ဒုက္ခများ/မှ ကင်းလွတ်/ရန် ပြောရခြင်း/ဖြစ်၏။
29 ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်/ဆိုလိုသည်/မှာ ကျန်ရှိသော/အချိန်/သည် အလွန်/တိုတောင်း၏။ ထို့ကြောင့် ယခု/မှစ၍ ဇနီး/ရှိသောသူတို့/သည် ဇနီး/မရှိသောသူ/ကဲ့သို့/လည်းကောင်း၊ 30 ငိုကြွေးသော/သူတို့/သည် မငိုကြွေး/သကဲ့သို့/လည်းကောင်း၊ ဝမ်းမြောက်သော/သူတို့/သည် ဝမ်းမမြောက်/သကဲ့သို့/လည်းကောင်း၊ ဝယ်ယူသော/သူတို့/သည် ထို/ဥစ္စာပစ္စည်းများ/ကို မပိုင်ဆိုင်/သကဲ့သို့/လည်းကောင်း နေ/သင့်၏။ 31 လောကီ/နှင့်ဆိုင်သော/အရာများ/ကို သုံးစွဲသော/သူတို့/သည် ထို/အရာများ/ကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤ/လက်ရှိ/ကမ္ဘာလောက/ပုံသဏ္ဌာန်/သည် ကွယ်ပျောက်/သွားတော့မည်/ဖြစ်/သောကြောင့်/ပင်။
32 ကျွန်ုပ်/သည် သင်တို့/အား စိုးရိမ်/ပူပန်မှု/နှင့် ကင်းလွတ်/စေချင်၏။ အိမ်ထောင်/မရှိသော/ယောက်ျား/သည် သခင်ဘုရား/ကို မည်သို့ နှစ်သက်စေရမည်/ကို တွေးတော/လျက် သခင်ဘုရား/၏ အမှုတော်/ကို ဂရုစိုက်တတ်၏။ 33 သို့သော် အိမ်ထောင်ရှိသော/ယောက်ျား/မှာမူ မိမိ/မယား/ကို မည်သို့ နှစ်သက်စေရမည်/ကို တွေးတော/လျက် လောကီ/ဆိုင်ရာ/ဝတ္တရားများ/ကို ဂရုစိုက်တတ်၏။ 34 ထို့ကြောင့် သူ/သည် စိတ်/နှစ်ခွ/ဖြစ်နေတတ်၏။ ထို/နည်းတူ အိမ်ထောင်/မရှိသော/အမျိုးသမီး၊ သို့မဟုတ် အပျိုစင်/သည် ခန္ဓာ/နှင့် စိတ်/နှစ်ခုလုံး သန့်ရှင်း/စေရန် သခင်ဘုရား/၏ အမှုတော်/ကို ဂရုစိုက်တတ်၏။ သို့သော် အိမ်ထောင်ရှိသော/အမျိုးသမီး/မှာမူ မိမိ/ခင်ပွန်း/အား မည်သို့ နှစ်သက်စေရမည်/ကို တွေးတော/လျက် လောကီ/ဆိုင်ရာ/ဝတ္တရားများ/ကို ဂရုစိုက်တတ်၏။ 35 ဤ/သို့ ကျွန်ုပ်/ပြောရသည်/မှာ သင်တို့/၏/အကျိုး/အတွက် ဖြစ်၏။ သင်တို့/ကို ချုပ်ချယ်/လို/သောကြောင့် မဟုတ်ပါ။ မှန်ကန်/လျောက်ပတ်/စွာ နေထိုင်/၍ သင်တို့/သည် ဘုရားသခင်/၏ အမှုတော်/ကို အာရုံ/မပျံ့လွင့်ဘဲ ထမ်းဆောင်/နိုင်ရန်/အတွက် ဤသို့/ကျွန်ုပ်/ပြောရခြင်း ဖြစ်၏။
36 တစ်စုံတစ်ယောက်/သည် သူ/နှင့် စေ့စပ်ထားသော/မိန်းမပျို/ကို အရွယ်/လွန်/စေလျှင် မသင့်တော်/ဟု ထင်မှတ်/၍ သူ/၏/ဆန္ဒ/ကို မထိန်းချုပ်နိုင်/လျှင် ဆန္ဒ/ရှိသည့်/အတိုင်း အိမ်ထောင်ပြု/သင့်၏။ ထို/အရာ/သည် အပြစ်/မဟုတ်ပါ။ 37 သို့သော် သူ/သည် အိမ်ထောင်/မပြု/ရန် စိတ်/ပိုင်းဖြတ်ထား/၍ မပြု/မနေရ/သဘော/မျိုး/လည်း/မဟုတ်ဘဲ မိမိ/စိတ်ကို ထိန်းချုပ်/နိုင်/လျှင် ထိုသို့ အိမ်ထောင်/မပြုဘဲ/နေရန် ဆုံးဖြတ်ခြင်း/သည် ကောင်း၏။ 38 ထို့ကြောင့် မိမိ/နှင့် စေ့စပ်ထားသော/မိန်းမပျို/ကို လက်ထပ်သောသူ/သည် ကောင်းမွန်/စွာ/ပြု၏။ လက်မထပ်သောသူ/မှာမူ ပို၍ ကောင်းမွန်/စွာ/ပြု၏။
39 ဇနီး/သည် မိမိ/ခင်ပွန်း အသက်ရှင်နေ/သမျှ/ကာလပတ်လုံး ထို/ခင်ပွန်း/နှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်း/ကွယ်လွန်/လျှင် မိမိ/နှစ်သက်သော/သူ/နှင့် လက်ထပ်ခွင့်/ရှိ၏။ သို့သော်လည်း ထို/သူ/သည် သခင်ဘုရား/ကို ယုံကြည်သောသူ/ဖြစ်ရမည်။ 40 မည်သို့ပင်/ဖြစ်စေ ကျွန်ုပ်/၏ ထင်မြင်ချက်/အရ သူ/သည် နောက်ထပ်/အိမ်ထောင်/မပြုဘဲ/နေလျှင် ပို၍ ကောင်း၏။ ဤသို့ ကျွန်ုပ်/ပြောဆို/ရာတွင် ဘုရားသခင်/၏ ဝိညာဉ်တော်/အားဖြင့် သင်တို့/ကို အကြံပေး/ပြောဆိုခြင်း/ဖြစ်ကြောင်း ကျွန်ုပ်/မှတ်ယူပါ၏။